မြစ်ကြီးနား နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ သင်ကြားသင်ယူမှု အောင်မြင်နိုင်ရေး ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိသည်။
အဆိုပါ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြစ်ကြီးနားမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ/မများ စုစုပေါင်း (၁၆၅)ဦးတို့အား ဘဏ္ဍာရေးဆိုင်ရာ၊ သင်ကြားရေးဆိုင်ရာများနှင့် စီမံခန့်ခွဲမှုဆိုင်ရာများအား ဆွေးနွေးပို့ချလျက် ရှိကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက် (၂) ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)