ကျောက်တလုံးကြီး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club အသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုအတွေး၏အရေးပါမှု စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင်များက အပြန်အလှန်မိတ်ဆက်ခဲ့ကြာကာ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ခေါင်းဆောင်မှု အတွေး၏ အရေးပါမှု စာအုပ်ပါ အကြောင်းအရာများအား မြို့ဦးစီးမှူး၊ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဒေါ်နန်းအုပ်ခမ်း၊Bppk Club အဖွဲ့ဝင် နန်းခမ်းကြည် နှင့် Youth Club အဖွဲ့ဝင် နန်းစံဟွမ်တို့က အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာပေဖတ်ရှုခြင်းသည် အသိပညာဗဟုသုတတိုးပွားစေနိုင်ပြီး စာပေဝါသနာပါသူများအချင်းချင်း မိမိဖတ်ရှုထားသော စာပေများအားအပြန်အလှန် ဆွေးနွေးတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တစ်လလျှင်တစ်ကြိမ် စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)