ရန်ကုန် နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ၁နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး) တို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားစိတ်ဓာတ်အရေးကြီးပုံနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး သိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Onlineမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)