ကွမ်းခြံကုန်း နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်တာဝန်ခံ (ဒေါ်နွယ်နွယ်အေး) တို့ ကစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်တွင် ဖော်ပြရမည့်ကုန် အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်နစ်နာဆုံးရှုံးမှုများရှိပါက တိုင်းကြားနိုင်ခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် (Talk Show) အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ် (IPRD)