ခရမ်းမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ခရမ်း   နိုဝင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမတွင် စာရေးဆရာရဲစတိုင်း ( မြန်မာပြန် )ရေးသားသည့် မှတ်ဉာဏ်ထက်မြက်စေမည့် နည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် youth Club အဖွဲဝင်များ၊ ကျောင်းသား/ကျောင်းသူ စာဖတ်ဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက စာရေးဆရာ၏အဓိကထားသင့်သည့်ဘဝတလျောက် မှတ်ဉာဏ်ထက်မြက်စေမည့် နည်းလမ်းကောင်းများ၊ နည်းစနစ်နှင့်ကျင့်ကြံနေထိုင်နည်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း )