လှည်းကူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက်စာအုပ်၊ စာစောင်များ ငှားရမ်းပေး

လှည်းကူး နိုဝင်ဘာဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းခြင်း ကိုယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ် စီမံကိန်းဦးစီးဌာနနှင့်စာရင်းစစ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပတ်ရိတ်သတ် ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေခြင်း၊ စသည့်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေး‌အခေါ် ပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အပတ်စဉ်အလှည့်ကျ စာအုပ်/ စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)