ဟိုပုံး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသခံပြည်သူ များ စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက် ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယတန်ဆောင်တိုင် မီးထွန်းပွဲတော်ဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ည(၆)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းတို့က ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)နှင့် (အ.ထ.က-၂) ကျောင်းသား၊ ကျောင်းသူများက မီးပုံးအကအလှဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်တို့က အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြဆုများချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)နှင့် (အ.ထ.က-၂) ကျောင်းသား၊ ကျောင်းသူများ က တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲ အထိမ်းအမှတ် မီးပုံးငယ်များလွှတ်တင်ပြီး တာဝန်ရှိသူများ က ကြည့်ရှုအားပေးသည်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ရတနာဒီပဆီမီး ထွန်းညှိပူဇော် ပြီး စေတီတော်များအား ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဒေသခံပြည်သူများ က အေးချမ်းပျော်ရွှင်စွာ မီးပဒေသာပင်များလှည့်လည်ခြင်း၊ ညမီးကြီးနှင့် စိန်နားပန်မီပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)