တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့၌ ကျိုက်ထိုမြို့နယ်တွင် စတုဒီသာကျွေးမွေး လှူဒါန်းသူများဖြင့်စည်ကား

ကျိုက်ထို       နိုဝင်ဘာ       ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်‌ကျော်(၁)ရက် နိုဝင်ဘာ(၈)ရက်နေ့၌ စတုဒီသာကျွေးမွေးလှူဒါန်းသူများ၊ လာရောက်သုံးဆောင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတို့တွင် လမ်းအလိုက်၊ စု‌ပေါင်းအလှူရှင်များ၊ တစ်ဦးချင်းအလှူရှင်များမှ  မုန့်ဟင်းခါး၊ အကြော်စုံ၊ မုန့်လက်ဆောင်း၊‌ ရေခဲမုန့်၊ အအေးစသည့် စားသောက်ဖွယ်ရာမျိုးစုံတို့ကို စတုဒီသာကျွေးမွေးလှူဒါန်းကြရာ ပြည်သူအများအပြား ပျော်ရွှင်စွာလာရောက် စားသောက်ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)