ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၁၂၇)စုအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ညောင်ရွှေ    စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား တတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီခွဲခန့်က ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။          

အခမ်းအနားတွင် ညောင်ရွှေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက အမှာစကား ပြောကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ထောက်ပံ့ကြေးပေးအပ် ခြင်း ရည်ရွယ်ချက်နှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ၏ အိမ် ထောင်စုပေါင်း (၅၁၂၇)စုအတွက် သက်ဆိုင်ရာ ကြီးကြပ်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြသည်။           

ထိုသို့ပေးအပ်ရာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀/)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၀၂၅၄၀၀၀၀/)အား အခြေခံလူတန်းစားများ လက်ဝယ်အရောက် ပေးပို့နိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ