ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့ အောက်ဆီဂျင်စက်နှစ်လုံးလှူဒါန်း

ပေါက်တော နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေပုလ္လ(၅)လမ်းနေ ဦးကျော်ခိုင် ဇနီးဒေါ်မရွှေမြမိသားစုတို့က မိမိဇာတိမွေးရပ်မြေဖြစ်သည့် ပေါက်တောမြို့ရှိ နာရေးကူညီမှုအသင်းအား အောက်ဆီဂျင်စက်နှစ်လုံးကို ယမန်နေ့မွန်းလွဲ(၁)နာရီခန့်က ပေါက်တောမြို့ ဓါတ်တောင်ကျောင်းတွင်လှူဒါန်းခဲ့ကြသည်။

ယင်းစက်နှစ်လုံးကို အလှူရှင်မိသားစုများက ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးလှရွှေနှင့် အတွင်းရေးမှူး ဦးစောလှမောင်တို့က လက်ခံရယူခဲ့ကြသည်။ ယင်းစက်နှစ်လုံးမှာ ဂျာမဏီနိုင်ငံထုတ်စက်ဖြစ်ပြီး စက်တစ်လုံးစီ၏ ကာလတန်ဖိုးမှာ မြန်မာငွေကျပ်(၄၅)သိန်းရှိသည်ဟု သိရှိရသည်။ အခမ်းအနားသို့ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း နာယကဆရာတော်များ၊ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)