တာမွေ နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်/ သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုးအောင်နှင့်ဝန်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာနမှ မိသားစုများကိုယ်စားကျောင်းရှိ ဆရာတော်/ သံဃာတော်အပါး(၁၁၈)ပါးအတွက် ဆွမ်းဆန်စိမ်းအိတ်(၈)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)