သပိတ်ကျက်းမြို့၌ (၂၃)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံစုပေါင်းဘုံကထိန်ပွဲကျင်းပ

သပိတ်ကျင်း နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ (တန်ဆောင်မုန်းလပြည့်နေ့)၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲ​တော်ကို ယနေ့နံနက်(၉)နာရီက ကဘဲ့ရပ်ကွက် သရက်တောကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သပိတ်ကျင်းမြို့နယ်အတွင်းမှ ဆရာတော်၊ သံဃာတော်(၁၅၀)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ဖျုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြပြီး သရက်တောကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော် သံဃာတော်များက ရွတ်ပွားသရဇ္ဇျယ်တော်မူကြသည့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ကထိန်ခံသရက်​တောကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်မြတ်တို့အား ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဇောတိပါလထံမှ ကထိန်အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့​ကြသည်။.

အခမ်းအနားတွင် ဆရာတော် သံဃာတော်များအား ခရိုင်ဌာနဆိုင်ရာများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယနေ့ကျင်းပသည့် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်တွင် လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေ စုစုပေါင်းငွေကျပ် (၁၇၂၉၉၈၅၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)