မိုင်းရယ်၌(၂၄)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မိုင်းရယ် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ၏ (၂၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇိနမာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်သည်။

အခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မိုင်းရယ်မြို့၊ မြောက်မြို့ပရိယတ္တိစာသင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသာမိ(ပြည်နယ်သံဃနာယကအဖွဲ့ဝင်) အမှူးပြုသော ပင့်သံဃာတော်များထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်ပြည်သူများမှ လှူဒါန်းထားသည့် ပဒေသာပင်များအား မိုင်းရယ်မြို့နယ်ကျောင်းတိုက်အသီးသီးတို့မှ ဆရာတော်၊ သံဃာတော်များအား မဲဖောက်လှူဒါန်းခဲ့သည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက လှူဖွယ်ဝတ္ထုအစုစုတို့အတွက် သာဓုအနုမောဒနာခေါ်၍ ရေစက်ချအမျှပေးဝေခဲ့သည်။

(၂၄)ကြိမ်မြောက် မိုင်းရယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် စုစုပေါင်းတန်ဖိုးမှာကျပ် (၁၉၂၂၁၃၅ဝိ/)ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မိုင်းရယ်မြို့ အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)