မတ္တရာမြို့ ဇေယျာသန မစိုးရိမ်ကျောင်းတိုက်တွင် ဆီမီးနှစ်ထောင် ထွန်းညှိပူဇော်

မတ္တရာ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဇေယျာသန မစိုးရိမ်ကျောင်းတိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးနှစ်ထောင် ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆီမီးနှစ်ထောင် ထွန်းညှိပူးဇော်ရာတွင် ဇေယျာသန မစိုးရိမ်ကျောင်းတိုက်ဆရာတော်နှင့် အလှူရှင်များမှ စုပေါင်း၍ ထာဝရမေတ္တာရှင် သွေးလှူအသင်းသားများမှ ပူးပေါင်းကာ ဆီမီးကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ဆီမီးနှစ်ထောင် ထွန်းညှိပူဇော်ခြင်းသည် ဒုတိယအကြိမ်မြောက် ပူဇော်ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း ယခုထက်ပို၍ ပူဇော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)