လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပုရဝဏ်အတွင်း တည်ထားကိုးကွယ်သောလေးမျက်နှာ မြတ်စွာဘုရားအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကျင်းပ

လားရှိုး နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ ပရဝဏ်အတွင်း၌ တည်ထားကိုးကွယ်ထားသော လေးမျက်နှာ မြတ်စွာဘုရားအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဗောဓါရုံပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာန နယကဆရာတော်ဘဒ္ဒန္တနရဒ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မြို့မပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နကယဆရာတော် ဘဒ္ဒန္ကလျာန အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌဦးမျိုးကျော်၊ အရာရှိစစ်သည်မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဗောဓါရုံ ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာန နယကဆရာတော် ဘဒ္ဒန္တနရဒထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်နာယူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း၊ ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး