ပုဏ္ဏားကျွန်း နိုင်ဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊ ဌာန၏ရှေ့လုပ်ငန်းစဉ်နှင့် ထွေ/အုပ်ဌာနဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်မှစ၍ မည်သည့်ခွင့်မှခံစားမှုမရှိသော ဝန်ထမ်းများ၊ တာဝန်ကျေပွန်မှုရှိသော ဝန်ထမ်းများအား စံပြဆုချီးမြှင့်ပေးပြီး၊ အငြိမ်းစားဝန်ထမ်းများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ထွေ/အုပ်ဝန်ထမ်းများကို အမှတ်တရအသုံးအဆောင်လက်ဆောင်ပစ္စည်းများမဲဖောက်ပေးပြီး၊ ဌာနတွင်းပျော်ပွဲရွှင်ပွဲအားကစားပွဲများကိုကျင်းပခဲ့ကြောင်း သိရသည်။
နီထွန်းအောင်