ကျောက်ဖြူမြို့တွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ကျောက်ဖြူ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဌာန၏လက်ရှိဆောင်ရွက်နေသည့်အခြေအနေများအား ပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းအား Video Clip ဖြင့် ပြသခဲ့သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်ဇနီး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့က ခရိုင်ရုံးဝန်ထမ်းများအား တူညီဝတ်စုံများပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ တစ်နှစ်တာကာလအတွင်း မည့်သည့် ခွင့်မှ/ခံစားခြင်းမရှိသောဝန်ထမ်းများနှင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်သည့်ဝန်ထမ်းများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများနှင့် ဗလာမပါကံစမ်းမဲများကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသိရသည်။

တင်ထွန်းဦး