ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းပြီး ဆွမ်းဆက်ကပ်လှူဒါန်း

ကျောက်တန်း နိုဝင်ဘာ 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယမန်နေ့နံနက် ၁၀နာရီ မိနစ်၃၀က ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဘိုးဘွားရိပ်သာ၌ နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး၊ ပါဒကြီးကျေးရွာ၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့တာ အာဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ရှေးဦးစွာ ကျောက်တန်းမြို့နယ် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာ ()ပါးတို့ထံမှ ဦးစီးဌာနဝန်ထမ်းများနှင့်မိသားစုများက ငါးပါးသီလခံယူဆောက်တည်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် တရားတော်များနာယူကြကာ လှူဖွယ်ဝတ္တုများ။ ဆက်ကပ်လှူဒါန်း၍ အလှူတရားတော်နှင့် အန္တရာယ်ကင်းမေတ္တာပို့တရားတော်နာခြင်း၊ ရေစက်ချတရားတော်နာခြင်းတို့ကို ချီးမြှင့်ဟောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ တရားတော်နာပြီးသည့်အချိန်တွင် ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပြီးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို နေလည့်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် ဝန်ထမ်းများမှ ကမာစွဲကျေးရွာရှိ ပရဟိတကျောင်းအတွက် မြို့နယ်သံဃာနာယကဥက္ကဋ္ဌထံသို့ သွားရောက်ပြီး ဆန်အိတ်၅၄အိတ်လှူဒါန်းခဲ့သည်။ ထို့နောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် အခမ်းအနားကို ကျောက်တန်းမြို့ ရွှေမှော်ဝန်းသာသနာဗိမာန်၌ ကျင်းပပြီး တက်ရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့ပေါ်ရုံး၀န်ထမ်းများရပ်/ ကျေး၀န်ထမ်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ ဆက်