ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်တွင်  တန်ဆောင်တိုင်ရုံးပိတ်ရက်၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

ပြင်ဦးလွင်     နိုဝင်ဘာ   ၈

တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် ပြင်ဦးလွင်မြို့ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် လာရောက်လည်ပတ်သူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်သည် ၁၇၇ ဟက်တာ ကျယ်ဝန်းပြီး မန္တလေးမြို့မှ  ၄၄ မိုင် (၆၉ ကီလိုမီတာ) အကွာ ပင်လယ်ရေမျက်နှာပြင် အထက် ၃၆၀၅ ပေတွင် တည်ရှိသည်။

ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် အပင်မျိုးစိတ် ဒေသခံမူလ (ပြည်တွင်း) မျိုးစိတ် ၅၁၄ မျိုးနှင့် ပြည်ပမျိုးစိတ် ၇၄ မျိုး၊ ဝါးမျိုးစိတ် ၇၅ မျိုး၊ croton မျိုးစိတ် ၇၅ မျိုး ရှိကြောင်း သိရသည်။ မူလမျိုးစိတ် သစ်ခွမျိုး ၃၀၀ အနက် မျိုးစိတ်ပေါင်း ၁၇၈ မျိုးမှာ ၁၉၄၂ ခုနှစ်ကတည်းက စုဆောင်းခဲ့သည့် မျိုးစိတ်များ ဖြစ်ကြပြီး နှင်းဆီ မျိုးစိတ် ၂၅ မျိုးနှင့် နှင်းပန်းမျိုးစိတ် ၆ မျိုးလည်းစိုက်ပျိုးပြသထားသည့်အပြင် တိုင်းရင်းဆေးဖက်ဝင် အပင်များကိုလည်း ယင်းဥယျာဉ်အတွင်း၌ စိုက်ပျိုးထားသဖြင့် သစ်ပင်ပန်းမန်ချစ်သူများ အပန်းဖြေအနားယူလိုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)