နမ့်ဆန် နိုဝင်ဘာလ ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၇၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲကို ယမန်နေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပဒေသာပင်စုပေါင်းလှည့်လည်ပွဲအား နမ့်ဆန်မြို့ အထက်တန်းကျောင်းရှေ့လမ်း(၃)ခွတွင် ပဒေသာပင်မော်တော်ယာဉ်များကို စုရပ်ပြုလုပ်၍ နမ့်ဆန်မြို့ ကားလမ်းအတိုင်းမှ မြို့အဝင်ဆေးရုံရှေ့ဂိတ်အထိ လှည့်လည်ခဲ့ကြပြီး မြို့မဂိုဏ်းချုပ်ကျောင်းတိုက်သို့ ပဒေသာပင်များကို ပို့ဆောင်ခဲ့ကြသည်။
စုပေါင်းလှည့်လည်ပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆)ရပ်ကွက်မှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်ခဲ့ကြသည်။ စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲကို မွန်းလွှဲ(၁)နာရီအချိန်က မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ကျင်းပပြီးအခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော်ကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာပြည်သူများက နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး မြို့မဂိုဏ်းချုပ် ကျောင်းတိုက်ဩဝါဒါစရိယ ဆရာတော်ကြီးမှ ဦးဆောင်၍ ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး အဓိဌာန်ဆီမီးခြောက်တိုင် ထွန်းညှိပူဇော်ရာ ပထမဆီမီးတိုင်ကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘုရာကြီးမှထွန်းညှိခြင်း၊ ဒုတိယဆီမီးတိုင်ကို လွယ်ခမ်းကျေးရွာမှ တာပလိန်းကထွန်းညှိခြင်း၊ တတိယဆီမီးတိုင်ကိုပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ထွန်းညှိခြင်း၊ စတုတ္ထဆီမီးတိုင်ကို တပ်မမှူး အမှတ်(၁၀၁)ခြေမြန်တပ်မ ဌာနချုပ်ကထွန်းညှိခြင်း၊ ပဉ္စမဆီမီးတိုင်ကို ဦးထွန်းကျော် မြို့နယ်ဗုဒ္ဓသာသနာ့ဂေါပကအဖွဲ့ နာယကမှထွန်းညှိပြီး ဆဋ္ဌမဆီမီးတိုင်ကို ဥက္ကဋ္ဌ မြို့နယ်ဗုဒ္ဓသာသနာ့ဂေါပကအဖွဲ့က ထွန်းညှိပူဇော်ခဲ့ကြသည်။
ဆရာတော်/သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇုယ်ကြပြီး (၇၄)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် လှူဒါန်းသည့် ကထိန်သင်္ကန်းအဖြစ်ဆောင်ရွက်ရန် ပါဠိဂါထာကို ဥက္ကဋ္ဌဆရာတော်မှချမှတ်ပေးပြီး ကထိန်လျာသင်္ကန်းကို အလှူရှင်များကိုယ်စားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်မှ ကိုင်ဆောင်ဆက်ကပ်ခြင်း ဆရာတော်/သံဃာတော်များက ကထိန်အလှူခံပုဂ္ဂိုလ်ရွေးချယ်တော် မူရန်နှင့် ခဏ္ဍသိမ်သို့ကြွရောက်တော်မူ၍ ဉာက်သင်္ကန်းကို ဥတ္ထိဒုတိယကမ္မဝါစာဖြင့် ဆောင်ရွက်တော်မူပြီး မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဦးသာသနက ကထိန်တရားတော် ချီးမြှင့်ပေးတော်မူကာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချဒေသနာတော်ချီးမြှင့်ပြီး အမျှပေးဝေကြပါသည်။ ဆရာတော်/သံဃာတော်များအား ထေရ်စဉ်ဝါစဉ်အလိုက်ပင့်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မဲများစီစဉ်ဆောင်ရွက်ဆက်ကပ်ခြင်းများကို ဆက်လက်ဆောင်ရွက်ပြီး (၇၄)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံက ထိန်အလှူတော်မင်္ဂလာအတွက် ငွေပဒေသာပင်ပေါင်း(၄၀)ပင်နှင့် စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀၄၀၀၀၀၀)သိန်းကျပ်အား ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)