စမ်းချောင်း စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ လမ်းဘေးတွင်ဈေး ရောင်းချသူများ နှာခေါင်းစည်း (Mask) တပ်ဆင်ထားမှုများ ရှိ၊မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့နံနက် (၉:၃၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများက ဈေးရောင်းရာတွင် နှာခေါင်းစည်း (mask)အား စနစ်တကျ တပ်ဆင်ပြီးမှ ရောင်းချရန်၊ လမ်းဘေးစားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ လက်ကိုဆပ်ပြာနှင့်မကြာခဏ ဆေးကြောရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန်စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် လူစုလူဝေးဖြစ်ပေါ်ခြင်းမှ ရှောင်းရှာနိုင်ရန် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေးကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်ဝန်ထမ်းများမှ လိုက်လံအသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။
ထူးထက်(ပြန်/ဆက်)