ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်

ဒဂုံမြောက်  စက်တင်ဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်များ၊ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ စတုတ္ထသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၉၄၉)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၈၄၇၀၀၀၀/-) ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)