စမ်းချောင်း စက်တင်ဘာ ၁၈
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်း မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး တို့အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်ရှိ Lock Down အသွားအလာ ကန့်သတ်နေထိုင်သူ အိမ်ထောင်စုများ we love sanchaung မှ ယမန်နေ့၊ ညနေပိုင်းအချိန်က အစားအစာနှင့် ရေသန့်ဗူးများကို လှူဒါန်းခဲ့ပါသည်။
ထို့သို့လှူဒါန်းရာတွင် Lock Down အသွားအလာ ကန့်သတ်ထားသော အိမ်ထောင်စုရှိ လူဦးရေ (၈၅၀)ဦးအတွက် အစားအစာနှင့် ရေသန့်ဗူးများကို we love sanchaung နှင့် အလှူရှင်များ ပူးပေါင်း၍ အိမ်ရှေ့ အရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ထူးထက်(ပြန်/ဆက်)