ကော့မှူး စက်တင်ဘာ ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈နာရီက မြို့မ ဈေးထိပ်နှင့်လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Maskမတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း Mask များ တပ်ဆင်ပေးနေကြသည်။
ကော့မှူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအနေဖြင့် လက်ကိုင်စပီကာဖြင့် ကျန်းမာေရးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့ကောင်း ရရှိစေရန်နေစဉ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)