ပုဏ္ဏားကျွန်း နိုဝင်ဘာ ၈
၁၃၈၄ ခုနှစ်၊ တန်းဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တစ်ဖက်ကမ်းရှိ ဦးရာဇ်တော်စေတီတော်ကြီး၌ ကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကထိန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂံခေတ်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်းဆောင်မုန်းလပြည့်နေ့အထိ၊ ရက်ပေါင်း ၃၀ ကာလအတွင်း၌သာ ကျင်းပရသော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ပုရိမဝါမှထမြောက်တာ်မူကြကုန်သော သံဃာတော်အရှင်သူမြတ်တို့ကိုရည်စူး၍ ဆက်ကပ်လှူဒါန်းပေးခြင်းဖြစ်သည်။
ကထိန်ပွဲတော်ကိုအကြောင်းပြု၍ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ တန်းဆောင်တိုင်မီးထွန်းပွဲတော်များ၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းနှင့် အခြားပျော်ပွဲရွှင်ပွဲများတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်