မိုင်းနောင် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ဟန့်တား၊ ထိန်းချုပ်နိုင်ရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈) နာရီ အချိန်က လူသွားလာမှု စည်ကားသော လမ်းဆုံများတွင် သွားလာ နေသူများအား (mask) နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း မရှိသူများအား တစ်ခု(၅၀ဝိ/-) ဖြင့်ဝယ်ယူ၍ အခုဝယ်အခုတပ် စနစ်ဖြင့် ဒဏ်ရိုက် အရေးယူခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ စုပေါင်း၍ နေအိမ်ပြင်ပ ထွက်ခွာပါက (mask)နှာခေါင်းစည်း တပ်ဆင်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများနှင့် အရွယ်မရောက်သေးသော ကလေးငယ်များအား နေအိမ်တွင် သာ နေထိုင်ရန်၊ လက်ကို မကြာခဏ ဆေးရန်၊ Hand gel များအသုံးပြုရန် အသိပေးနှိုးဆော်ခြင်း၊ (mask)နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များသည် မြို့ဝင်၊ မြို့ထွက်များ၌ ဖွင့်လှစ်ထား သော စစ်ဆေးရေး ဂိတ်များတွင် တာဝန်ကျဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတ လူငယ်များအား သွားရောက် အားပေး ကာ လိုအပ်ချက်များ ရှိပါက စီစဉ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင် ပြန်/ဆက်