မဟာအောင်မြေမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၂၈၆)စုအတွက် ထောက်ပံ့ကြေးများပေးအပ်

မန္တလေး စက်တင်ဘာ ၁၈

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မဟာအောင်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နှင့် တို့က နိုင်ငံတော်မှ ထောက်ပံ့သော အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ရခြင်းတို့ကို ရှင်းလင်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ် များနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၂၈၆)အိမ်ထောင်းစု အတွက် တစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၅၆၀၀)ကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အခြေခံလူတန်းစားများ လက်ဝယ်အရောက် အမြန်ဆုံးပေးအပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက် (၁၈)ကွက် အိမ်ထောင်စု (၄၁၂၀၀)ကျော်ရှိသည့်အနက် အိမ်ထောင်စု (၂၈၂၈၆) စုကို ထောက်ပံ့ပေးအပ်နိုင်သည့်အတွက် ရာခိုင်နှုန်း (၇၀)နီးပါးရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်