လင်းခေး နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ (၄၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မဟာမြတ်မုနိဘုရားကျောင်းတော်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ကြပြီး၊ ဆရာတော် သံဃာ တော်များအား ပူဇော်ကန်တော့ခြင်းနှင့် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူခဲ့ကြသည်။ ယင်းနောက် လင်းခေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူတို့က ဆရာတော်များထံ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့် နဝကမ္မအလှူငွေဆက်ကပ်လှူဒါန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ အာနိသင်ရအလှည့်ကျ အတိသုခါရုံတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံ ခရိုင်အုပ်ချုပ်ရေးမှူးက ဥတ်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်းမဖြစ်သေးသော လင်းခေးမြို့ နယ်မြောက်ပိုင်း ဒေသကျောင်း(၁၆)ကျောင်းအတွက် အလှူရှင်အသီးသီးတို့မှ ဥတ်သင်္ကန်းများလှူဒါန်း ပေးခြင်းတို့ကို ပြုခဲ့ကြသည်။
ဆက်လက်ပြီး ပင့်ကျောင်း(၁၇)ကျောင်းမှ သံဃာတော်(၁၈)ပါးတို့ထံ သင်္ကန်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်ရွတ်ဖတ်ပေးခဲ့ကြပြီး၊ လှူဒါန်းမှူအစုစုတို့အတွက် အောင်မင်္ဂလာတပ်ဦးကျောင်းတိုက်ကျောင်းထိုင်ဆရာတော်က မေတ္တာပို့အမျှဝေရေစက်သွန်းချခဲ့ကြကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ယင်းနောက် နံနက် ၁၀ နာရီခွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်အပေါင်းက သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။
ယနေ့လှူဒါန်းမှုအစုစုမှာ ကထိန်မခင်းဖြစ်သော ကျောင်း(၁၆)ကျောင်းအား လှူဒါန်းငွေကျပ်(၄၀)သိန်း၊ တောရကျောင်းအတွက် ကျပ်(၁၆,၂၈၀၀ဝိ/-)၊ မဟာဝိဟာရပရိယတ္တိ စာသင်တိုက်ကျောင်းကြီးကျောင်းအတွက် လှူဒါန်းငွေကျပ်(၁၀)သိန်းနှင့် ကထိန်ခင်း လှုဒါန်းငွေစုစုပေါင်းကျပ်(၈၇,၂၅၀၀ဝိ/-)ဖြစ်ကြောင်း မြို့နယ်ကထိန်ပွဲကျင်းပရေးကော် မတီတာဝန်ရှိသူ ဦးစိုင်းသန်းကျော် (မဟာမြတ်မုနိဘုရားကျောင်းတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ)ထံမှ သိရသည်။
စိုင်းဇော်လတ်