တန်ဆောင်တိုင် ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူး လာရောက်သူ များပြား

ညောင်ဦး  နိုဝင်ဘာ  ၆

တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ၆ရက်နေ့တွင် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူး လာရောက်သူ များပြားနေလျက်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြးမှုဦးစီးဌာန ပုဂံရုံးခွဲထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ တန်ဆောင်တိုင် ရုံးပိတ်ရက် ဘုရားဖူး လာရောက်သူများပြားနေပြီး ရွှေစည်းခုံဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆နာရီအထိသာ ဖွင့်လှစ်ထားပြီး အခါကြီး ရက်ကြီးများတွင် နံနက် ၅နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ဖူးမြော်စေလျက်ရှိရာ နိုဝင်ဘာ ၅/၆ ရက်တို့တွင်လည်း နံနက် ၅နာရီမှ ည ၈နာရီအထိဖွင့်လှစ်ဖူးမြော်စေလျက်ရှိကြောင်း ဦးသန်းမြင့်ဦး ကရှင်းပြသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများပြားလျက်ရှိ ဂေါပကဥက္ကဋ္ဌထားရှိသည့် ဘုရားများဖြစ်သော တုရင်တောင်စွယ် တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော် မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ငှက်ပစ်တောင် ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံ ဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီး အုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြား ပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊ တရုတ် ပြေး ဘုရားခေါ်နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော် ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက်ဘုရား လှဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများ ပြားလာခဲ့ကြောင်း သိရပြီး တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်သူ ၄၅၀၀၀ ဦးကျော် လာရောက်ခဲ့ကြောင်း၊ ဂေါပက အဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကြောင်းလည်း သိရသည်။

ကိုကြေးမုံ