ညောင်ဦး၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် ပြည်သူများအိမ်အပြင်ထွက် သွားလာကြတိုင်း နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာစေရေး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်တာဝန်ရှိသူများမှ ပုဂံမြို့ဈေးကြီးရှေ့နှင့်လမ်းဆုံနေရာများတွင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ပုဂံမြို့တွင် အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးနိုင်ရေးအတွက် ပုဂံမြို့ဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင် သွားလာစေရေး၊ မီးပွိုင့်လမ်းဆုံနေရာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask (၂)ခု ၅၀၀ ကျပ်ဖြင့် အိမ်ပြင်ထွက်သူတိုင်း နှာခေါင်းစည်း တပ်ဆင်စေရေး ဆောင်ရွက်နေကြောင်း သိရသည်။
နှာခေါင်းစည်း Mask တပ်ဆင်စေရေးအတွက် ပုဂံမြို့ သီရိပစ္စယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ဆန်း၊ ကျန်စစ်သားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်သန်း၊ ပုဂံနယ်မြေယာဉ် ထိန်းတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနက ဝန်းထမ်းများဖြင့် လူတိုင်းနှာခေါင်းစည်းတပ်ဆင်သွားလာစေရေး တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကိုထိန်၊KPD