ပန်ဆိုင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ က ပြည်သူလူထုများ လိုက်နာသင့်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားထောက်ခံချက်များ ပြုလုပ်ခြင်း၊ နှာခေါင်းစည်း မက်စ်များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို အဖွဲ့ခွဲ၍ စနစ်တကျဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ မြို့မပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)