ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မသန်စွမ်းများအား နိုင်ငံတော်မှထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

ဒဂုံမြောက် စက်တင်ဘာ ၁၈

ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ အဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းကျပ်စီ ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် စက်တင်ဘာ ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မသန်စွမ်းသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ မသန်စွမ်း (၄၃၅) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၃၀၅၀၀၀၀/- ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)