မအီမြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပ

မအီ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့သူ မြို့သားများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၈) နာရီက စံတွေးကျေးရွာဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုရပ်ရထားရှိ၍ နံနက်(၇)နာရီက ကထိန်အခမ်းအနား တည်ရှိရာသို့ လှည့်လည်ထွက်ခွာခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသော မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့သူမြို့သားများနှင့် ရွာသူရွာသားများက အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး စံတွေးကျေးရွာဘုန်းတော်ကြီး ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်အာစာရထံ၌ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုကြပြီး ဘုံကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။ ဆက်လက်၍ ကုန်ဘောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးပညာထံမှ သာဓုအနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)