ရသေ့တောင် နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်သင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တာဝန်ခံ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့မ အ.ထ.က(၂) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်ကြီးများ စုစုပေါင်း ၁၈၀ ဦးတို့အား မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထွန်းရွှေကစီ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်း၊ ကြီးကြပ်အကဲဖြတ်နှင့် စီမံကိန်းစာရင်းအင်းကဏ္ဍရပ်များအား ရှင်လင်းပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ၊ နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)