စဉ့်ကူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ငွေကြေးထောက်ပံ့မှု နှင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားကုန်နှင့် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ထပ်တိုးမသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

စဉ့်ကူး စက်တင်ဘာ ၁၈

စဉ့်ကူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စု (၁)စုလျှင် တတိယအကြိမ် ငွေ( ၂၀၀၀၀ )ကျပ်နှုန်းဖြင့် အိမ်ထောင်စု( ၃၀၅၇၈ )စုအား ငွေကြေးထောက်ပံ့ ပေးအပ်မှု အခမ်းအနားနှင့် ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံစားကုန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း များ ဝယ်ယူနိုင်ရေးအတွက် ထပ်တိုးမသန်စွမ်းသူ( ၇၇၈ )ဦးအား တစ်ဦးလျှင် ငွေ( ၃၀၀၀၀ )ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် နှင့် ကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား( ၃၀ )ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၀၅၇၈)စုအတွက် ( ၁ )စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်( ၆၁၁၅၆၀၀၀၀/- )အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရေးနှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာရေးတို့အား မှာကြား ခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားကုန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်း များ ဝယ်ယူနိုင်ရေးအတွက် ထပ်တိုးမသန်စွမ်းသူ( ၇၇၈ ) ဦးအား တစ်ဦးလျှင် ငွေ( ၃၀၀၀၀ )ကျပ်နှုန်းဖြင့် ငွေကျပ်( ၂၃၃၄၀၀၀၀/-)ကျပ်အား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် မှ စဉ့်ကူးမြို့နယ် အတွင်းရှိ ထပ်တိုးမသန်စွမ်းသူ( ၇၇၈ )ဦးထံ လက်ဝယ်ရောက်ရှိစေရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထား သည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးဝေ( ပြန်/ဆက် )