ဗန်းမော်မြို့တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ

ဗန်းမော် နိုဝင်ဘာ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်းမော်မူလတန်းကြိုကျောင်းခန်းမတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပဒေသာကပွဲအခမ်းနားကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်လူမှူဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဥမ္မာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှု     ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆိုတဲ့ လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းနှင့် မူလတန်းကြိုကျောင်းဖွင့်လှစ်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များကို ပြော ကြားခဲ့ပြီး မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ရဲ့ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးဖြစ်ပြီး အမှုဆောင်အသစ်များ ရွေးချယ် တင်မြောက်ခြင်းနှင့် သားငယ်၊သမီးငယ်များကို ECCD နည်းပညာအရ သင်ကြားနည်း(၄)နည်းဖြင့် သင်ကြားပေးလျက်ရှိကြောင်းစသည်ဖြင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ပြီး သားငယ်၊ သမီးငယ်လေးများ၏ အကပဒေသာ အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

သဲစုမိုး