သထုံခရိုင်လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလဲပိုင်းက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှ‌ဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အိဖြူမြင့်က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်(၂)ရပ်နှင့် လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးများ၊ ငလျင်ဘေးနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ အမှန်တကယ် ကြုံတွေ့ရပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သထုံခရိုင်အတွင်း ဘေးဖြစ်ပွားမှုများနှင့် ကူညီထောက်ပံ့မှုများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ စသည့် ငလျင်‌ဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)