ရန်ကင်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ အောင်မြေရတနာကျောင်းတိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြီးမှူး၍ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ ပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့က အောင်မြေရတနာကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဒေဝိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး၊ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကာ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သို့ဖြစ်ရာ သံဃာတော်တစ်ပါးလျှင် ငွေကျပ်(၅)သောင်းနှင့် သံဃာတော် (၁၃)ပါးအတွက် ငွေကျပ် (၆၅၀၀၀၀)၊ ပဒေသာပင်(၇)ခုနှင့် လှူဒါန်းငွေ (၂၈၄၄၅၅၀)၊ ကျောင်းတိုက်လှူဒါန်းငွေ (၁၁၄၂၁၀၀)ဖြစ်သဖြင့် စုစုပေါင်း လှူဒါန်းမှုမှာ (၄၆၃၆၆၅၀) ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့မှ ပဓာန နာယကဆရာတော် ဘဒ္ဒန္တဒေဝိန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)