မိုင်းယောင်း နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံ နက်ပိုင်းတွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဇနီး ဒေါ်အေးအေးနွယ်တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယအမှူးပြုသည့် ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောနှင့် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် ၂၆ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး မိုင်းယောင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးရဲသွေးထိုက်နှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများကို ရှင်းလင်း လျှောက်ထားပြီး ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိဓဇ ဝိစိတ္တသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင် သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူ ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူးနှင့် စေတနာရှင် အလှူရှင်များက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် အမှူးပြုသည့် ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုအသီးသီး ဆက်ကပ်လှူ ဒါန်းကြသည်။
ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဗုဒ္ဓသာ သနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ယနေ့ ကျင်းပပြုလုပ်သည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင် ၂၇ ခုဖြစ်သဖြင့် ပစ္စည်းနှင့် လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်း ၁၀၀ ကျော်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း