မြစ်သား နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက သမဝါယမဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ကာ သုတ/ရသစာအုပ်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ ယခင် ငှားရမ်းပေးခဲ့သော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုလရောက်ရှိသော စာအုပ်စာစောင်အသစ်များ ထပ်မံငှာရမ်းပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)