ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းဆောင်ရွက်

ကွန်ဟိန်း     စက်တင်ဘာ     ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ခြင်းအား ယနေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ် OSS ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ပေးအပ်ခြင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီး ဌာနတို့ ပူးပေါင်းပြီး Mobile Application ဖြင့် ကောက်ယူခဲ့သည့် စာရင်းများအနက် MCCT အစီအစဉ် စာရင်းသွင်းထားသည့် ကိုယ်ဝန်(၆) လနှင့်အထက် ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်တို့အား တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် ၆ လစာ (၉၀၀၀၀)ကျပ်၊ ကိုယ်ဝန်(၆) လအောက်  ကိုယ်ဝန်ဆောင်မိခင်များကို (၆)လစာ ကျပ်(၄၅၀၀၀)နှုန်းဖြင့် ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့ကြေးများပေးအပ်ရာတွင် ဖုန်းနံပါတ်ရှိသူများအား KBZ Pay မှ တဆင့်ပေးအပ်ခဲ့ပြီး ဖုန်းနံပါတ် မရှိသူများအား KBZ Bank (KBZ Pay) ကိုယ်စားလှယ်များမှ လာရောက် ထုတ်ပေးခဲ့ပြီး ဆိုင်းခေါင်ကျေးရွာ၊ ဝမ်လောကျေးရွာ၊ မြို့မကျေးရွာနှင့် အမှတ်(၃)ရပ်ကွက်မှ ကိုယ်ဝန် ဆောင် မိခင်များနှင့် ကလေးငယ်များအား ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)