(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မြောက်ဦး  နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နေ့လယ် ၁၂ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Center) ခန်းမ၌ ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းက အခုလို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် ထွန်းတောက်ပလာမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာ ကဗျာများအပြင် ပြင်ပမှရေးသားသော သုတ၊ရသ ကဗျာများကိုလည်းပိုမိုစိတ်ဝင်စားမှုရှိလာမည် ဖြစ်ကြောင်းနှင့် စာကြည့်တိုက်နှင့်လည်း ထိတွေ့ ရင်းနှီးမှုများရှိလာစေရန် ရည်ရွယ်ပြီးပြောကြားခဲ့ပြီးနောက်  ကဗျာရွက်ဆိုပြိုင်ပွဲကို  ဆက်လက် ကျင်းပရာတွင် မိမိကြိုက်နှစ်သက်ရာ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သောကဗျာခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၂၅) ဦး ဝင်ရောက်ယဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)