တောင်ကုတ်မြို့နယ်၌ ရော်ဘာပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

တောင်ကုတ် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ရော်ဘာပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က အမှာစကား ပြောကြားပြီးနောက် သင်တန်းနည်းပြ တောင်ကုတ်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးသန်းဌေးက ရော်ဘာစိုက်ပျိုးခင်း တည်ထောင်ခြင်း ၊ ရော်ဘာပျိုးခင်းတွင် ကျရောက်တတ်သော ပိုးမွှား/ ရောဂါများအကြောင်းနှင့် ရော်ဘာစိုက်ပျိုး ထိန်းသိမ်းခြင်းတို့ကို ဆွေးနွေးပြီးနောက် လက်တွေ့ ကွင်းသရုပ်ပြ ခြင်းကိုဆောင်ရွက်သည်။ ထို့နောက် သင်တန်းနည်းပြ ဒုတိယဦးစီးမှူး ဦးသန်းဌေးက သင်တန်းသား၊ သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးသည်။

အဆိုပါ သင်တန်းသို့ တောင်ကုတ်မြို့နယ်ရုံးမှ ဝန်ထမ်း(၂၂)ဦး၊ မအီမြို့ရုံးမှ ဝန်ထမ်း(၄)ဦး ၊ သံတွဲခရိုင်ရုံးမှ ဝန်ထမ်း(၄)ဦး၊ သံတွဲမြို့နယ်ရုံးမှဝန်ထမ်း(၂)ဦး ၊ ဂွမြို့နယ်ရုံးမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း (၃၄)ဦးမှ တိုက်ရိုက်တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ကျန်ခရိုင်နှင့် မြို့နယ်ရုံး၊ မြို့ရုံးများမှ ဝန်ထမ်း (၁၁၂)ဦးက Virtural စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)