မိတ္ထီလာ နိုဝင်ဘာ ၃
မိတ္ထီလာမြို့ ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသူ၊ကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စဉ်းစားတွေးခေါ်မှုအသိဉာဏ်ပညာများ တိုးတက်ဖွံ့ ဖြိုးစေရန်ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဆေးရာင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ကျောင်းသူကျောင်းသားတွေ အနေနဲ့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့စာကြည့်တိုက်မှာရှိတဲ့ စာအုပ်စာပေတွေကို လာရောက်ဖတ်ရှု့ချင်စိတ်တွေဖြစ်ပေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်သလို သူတို့ရဲ့စဉ်းစားတွေးခေါ်မှုအသိဉာဏ်တွေကို လက်တွေ့ဆေးရောင်ခြယ်ရင်း တိုးတက်ဖွံ့ဖြိုးစေရန်လည်း ရည်ရွယ်ပြီးတော့ ယခုလိုဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ စည်းကမ်းချက်များကို ပြောကြားသည်။ ၄င်းနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား ၂၉ ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသူကျောင်းသားများအား ဦးစီးအရာရှိ ဒေါ် မာလာဆွေဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြောင်းသိရသည်။
ချမ်းသာ