ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် သွားရောက်ပေးအပ်

ပေါက်တော    နိုဝင်ဘာ   ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ပေါက်တောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးနှင့် တာဝန်ရှိသူများက အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ကြကြောင်းသိရသည်။

 ပေါက်တောမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာ​ရေးနှစ် ဒုတိယသုံးလပတ် ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလအတွက် ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို  ၄၅၈ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်​ဖြင့် စုစုပေါင်း တစ်ရာ သုံးဆယ့်ငါးသိန်းသုံးသောင်းကျပ်တိတိကို အသီးသီးပေးအပ်ကြကြောင်းသိရသည်။

 ထို့ပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့်အသီးသီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)