ဆီဆိုင် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က နောင်ကျောကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၆)ဦး တို့ အား အိမ်တိုင်ရာ အရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုး အဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ဝါးတောကျေးရွာ၊ ဟော်တောင်ကျေးရွာ၊ ဟော်မြောက်ကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ ပင်ငိုကျေးရွာ၊ နောက်ဗတ်ကျေးရွာ၊ ကောင်ဝိန်းကြီး ကျေးရွာ၊ ရေဖြူကျေးရွာနှင့် ကောင်ဝိန်းငယ်ကျေးရွာတို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုးအဘွား (၁၆)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နောင်ကျောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦး နှင့် နောင်ကျောကျေးရွာအုပ်စုစာရေး ဦးစိုင်းမင်းထွေး တို့က အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ရာ ဘိုးဘွားများက ဝမ်းသာပီတိဖြစ်၍ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)