ပင်လုံမြို့၌ အသက်၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ပင်လုံ     စက်တင်ဘာ   ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့   နေ့လည် ၁၂ နာရီအချိန် က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက် (၂)ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား(၂၇)ဦးအား  ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့က အသက် ၈၅နှစ် နှင့်အထက် လူမှုရေးပင်စင်ရရှိသူ  သက်ကြီးဘိုးဘွား (၂၇)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့်  ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ ပင်လုံ)