ဒဂုံ စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများအား Primary Contact အဖြစ် အနီးကပ်စောင့်ကြပ်ကြည့်ရှု နိုင်ရန် Quarantine Center တွင် နေထိုင်ရေး အဆင်ပြေစေရေးအတွက် ပြင်ဆင်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအီနွယ်လှိုင်ပူနှင့် ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကိုအချိန်မီ တားဆီးကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အနီးကပ်စောင့်ကြပ်ကြည့်ရှုရမည့် လူနာ(၁၀၀)ဦး ထားရှိနိုင်ရန် သောက်သုံးရေ၊ လျှပ်စစ်မီးအဆင်ပြေစေရေး ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)