မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign များ အရှိန်ဟုန်မြှင့်ဆောင်ရွက်

မက်မန်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ဒေခံပြည်သူများပူးပေါင်းပါဝင်ရေး၊ ရောဂါကူးစက်မှုမှ ထိန်းချုပ်ကာကွယ်ရေးတို့အတွက် နှာခေါင်းစည်း (mask )အခမဲ့ဝေ၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာက ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မက်မန်းမြို့ပေါ်ရပ်ကွက်များတွင် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်၍ သွားလာကြရေးအတွက် (mask)အခမဲ့ဝေ၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်၊

စောဥမ္မာ