လင်းခေး နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၌ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းဝေက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်း အဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အခြေခံမူဝါဒ(၄)ရပ်ဖြစ်သည့် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်မှု မရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူနှင့် ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူ စသည်တို့ဖြစ်ပြီး၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကို ရှင်းလင်းဆွေးနွေးပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လင်းခေးမြို့နယ်အတွင်းရှိ လက်ရှိဆောင်ရွက်နေတဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်လုပ်ငန်းစဉ်များ၊ ထောက်ပံ့ပေးနေမှုများ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းပြုံးရီ